ရောက်ဖူးချင်ရေ အဖရခိုင်ပြည်
Sunday, July 22, 2012
မွီးဖွားလာရေအချိန်ကပင်ရခိုင်လို့ဖြစ်လာစွာတိကိုအဓိပ္ပါယ်မသိခပါ။ရခိုင်ဆိုစွာဇာလဲဇာကဆင်းသက်လာစွာလဲ ဆိုရေမီးခွန်းတိဆိုစွာအချေတယောက်ဥနှောက်နန့်  မတွေးနိုင်ရေပိုင် မိဖ တိကလေ့ မဖြေရှင်းပီးနိုင်ခပါ။ ရခိုင် ဆိုစွာ တချိန်ကကိုယ့်ထီး၊ ကိုယ့်နန်း ၊ ကိုယ့်နိုင်ငံနန့်  နီလာစွာလူမျိုးတမျိုး လို့ ရာဂုဏ်ယူ ပနာပြောနိန်
ရရေနိန် ရာမှာရာရှိနိန်ခပါရေ ။ အကျွန့် မိဖ နှစ်ပါးဆိုစွာရခိုင်မြီမှာမွီးဖွားပနာ အောက်ပြည်ရွာမှာကြီးပြင်းခရရေ ဘ၀ တိ ပါ။  ကိုယ့်ရခိုင်နိုင်ငံအကြောင်းကို  အိမ်မက်ချေတခုအဖြစ်ရာ ပြောနိန်ခပါရေ။ အကျွန်ရို့  ဘ၀စွာအဖမဟိ ရေ သားသမီးတိပိုင်အဖရုပ်ပုံကိုအိမ်မက်ထဲမှာပုံဖေါ်ရင်းနန့်  ကြီးပြင်းလာခရပါရေ။ အဖမဟိန့် ရေ သားသမီး တိပိုင် သျှင်သန်ခရပါရေ။
ကုလားရန်ကြောင့်ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှာတည်ဟိနီရေ အ၀ကျွန်းဆိုရေ ရွာကနိန်ပနာ စစ်တွေကို ရောက်ယင်း ၀မ်းရီးအတွက် အဆင်ပြေစီကြောင်းရှာဖွီပနာ ရီကြိုင်ရာ၊ မြက်နုရာကို ရှာရင်းနန် မြန်မာနိုင်ငံ အလယ် ပိုင်းမှာဟိ ရေ အောက်ပြည်အောက်ရွာ ကိုရောက်ခကတ်တေ။အောက်ပြည် အောက်ရွာမှာ နီထိုင်ခ ကတ်ကေ လေ့မွီး ဖွား လာရေသားချေသမီးချေတိကိုရခိုင်အမွီပီးနိုင်ခပါရေ။
ယင်းရွာမှာရှိရေရခိုင်တိစွာပိုင်ညာရေးပိုင်းမှာဖွံ့ ဖြိုးမှု့ နဲယေအတွက်နန့် မွီးဖွားလာရေမျိုးဆက်သစ်ချေတိကို ရခိုင်စာ ပီ အကြောင်းမ ပြောနိုင်ခကတ်ပါ။ ယေကေလေ့ ရွာဓလေ့အရ ညဇာတိုင်ကေ လူကြီး၊ လူငယ် ၊ အချေ တိစွာ အသက်ကြီး ၀ါကြီးတိကို ချိုင်းကပ်ပနာအဖန်ရီထညက် အစဟိန့် ရေ စားစရာတိနန့်  ရခိုင်ဝတ္ထုတိ အကြောင်း ရခိုင်နိုင်ငံရဲ့  သမိုင်းကြောင်းတိကိုမိန်းမြန်းနားထောင်ယင်း ကြီးပြင်းလာရေ လူငယ်သျှေ မျိုးဆက် သစ် တိ စွာခေတ်ရီစီး ကြောင်း နန့် အတူရခိုင်သမိုင်းကြောင်းတိကို ဖေါ်ထုတ်လာကတ်တေ။ ပိုင်ညာရေးကို အလေးထားလာကတ်တေ ပိုင်မြို့ ကိုလားရင်း လာရင်းအမြင်ကျယ်လာကတ်တေ ရခိုင်ရိုးရာ နန့် ယိုင် ကျေးမှုတိကိုဖေါ်ထုတ်လာကတ်တေအမြင်ကျယ်အသိဟိန့် ရေမိဖတိဆိုစွာအားပီးကတ်တေထောက်ခံကတ် တေ။
ယေကေလေ့ယင်းပိုင်အသိပိုင်ညာတိုးတက်လာစွာကို အစိုးရတိအနိန်နန့် ရိုးရာဓလေ့ နန့် ယိုင်ကျေး မှု့ တိကို ဖေါ်ထုတ် ခွင့်မပီးကတ်၊ ပိတ်ပင်ထား ကတ်ပါရေ။ယင်းပိုင်ပိတ်ပင်နိန်ရေကြားကပင်ဘ၀သစ်ရခိုင်လူငယ်တိစွာ မျိုးချစ်စိတ်ဓတ်ပြင်းထန်ရေအတွက် ရိုးရာပွဲတိဖြစ်မြောက်အောင်လုပ်ဆောင်ကတ်ပါရေ။ အကျွန်ရို့ လူငယ်တိ စွာ ရခိုင်နိုင်ငံကို မရောက်ဖူးကတ် ကေလေ့ သက်ကြီးရွယ်အိုတိ ပြောဖူးကတ်တေ ကြားဖူးနားဝစကားတိစာ အုပ်ထဲက ဗဟုသုတ တိနန့် ပေါင်း စပ်ပနာအချေတိ ကိုကိုယ့်လူမျိုးအကြောင်းကို သိသလောက် ပြောပြကတ်တေ။  ရပ်ရွာထဲမှာ ဘုန်း ကြီးကျောင်း ထဲမှာရခိုင်တေးခြင်းတိကိုဖွင့်ပြကတ်ပါရေ။ ယင်းခါမှ ငါရို့ ရခိုင်လူမျိုးတိမှာလေ့ ရခိုင်တေးခြင်း ရခိုင်အဆိုတော်တိလေ့ဟိန့်ရေလို့သိလာကတ်ပါရေ၊။
အယင်ခါကဆိုကေ ရခိုင်စကားတခုရာပြောနိန်ကတ်တေ ဒေပိုင်ရခိုင် တေးခြင်းတိကိုဖွင့်ပြလာရေခါ ကြားစခါက ဆိုကေ နားမလည်ခကတ်ပါ။နောက်ခါမှ တဖြည်း ဖြည်းနန့် နားရည်ဝလာခါမှ ရခိုင်တေးခြင်းတိ ကိုနိန် ရာတိုင်းမှာဆိုလာကတ်ပါရေ။ဗမာတေးခြင်းတိရာမကငါရို့ ရခိုင်မှာလေ့သူရို့ ထက်ကောင်းရေတေးခြင်းတိစွာအများကြီးဟိန့် မှန်းသိလာကတ်ပါရေ။ နိန်ရာတိုင်းမှာ ဆိုလာ ကတ်ခါဗမာနန့်  ကရင်လူမျိုးတိပစမှာလေ့ ရခိုင်တေးခြင်းတိကိုဆိုလာကတ်ပါရေ။မြို့ ကို ရောက်လား ကတ် တေလူတိကရခိုင်သျှေ တိနန့် အတူ ရခိုင် စာအုပ်တိကိုပါဝယ်ထည့်ပီးကတ်ခါပိုင်ညာရေးဗဟုသုတတိပါလုကြီးလူငယ်သျှေတိရခိုင်စာအုပ်တိကိုဖတ်ဖူးမြင်လာကတ်ပါရေ။ အဂုအခါ အကျွန်ရို့ ရက္ခအလင်းတန်းက စာကြည့်တိုက်ဖွင့်လှစ်ပီးထားရေအတွက် ရခိုင်စာပီ ဗဟုသုတပိုပြီးကေတိုးတက်ဖွံ့ဖြိုးလာနိန်ပါဗျယ်။
အောက်ပြည်မှာမွီးအောက်ပြည်မှာကြီးလာရေလူငယ်တိက တောကျရေနီရာမှာကြီးပြင်းခကတ်လို့  ရခိုင်စာပီ ဆိုစွာသူရို့ တိအတွက်ဖတ်ရစွာတိကအခက်ခဲတိစွာအဂုအချိန်ထိဖြစ်နိန်ကတ်ပါသိရေ။ယင်းပိုင်အချိန်ခါတောရွာအချေတိမှာအ၀ီးရောက်ရခိုင်လူငယ်အဖွဲ့ အစီးတိဖွဲ့ စီးကတ်ပါရေ ။ မြို့ ကရခိုင်အဖွဲ့ အစီးတိနန့်  ချိပ်ဆက်ပနာ ရိုးရာပွဲတိကိုဖေါ်ထုတ်ပီးကတ်ပါရေ။ လူဆိုစွာကလေ့ လူအမျိုးမျိုးစိတ်အထွေထွေ ဟိန့် ကတေပိုင် ရခိုင်ထဲမှာ တောင်တချို့ ကထောက်ခံအားပီးကတ်တေပိုင်စာပီဟောပြောပွဲတိအတွက်ဖေ့သာတိ ထောက်ပံ့ပီးကတ်ပါရေ။
တချို့  ရခိုင်လူကြီးတိစွာခေတ်ရီစီးကြောင်းတိအမျိုးမျိုးပြောင်းလဲလာကေလ့ သူရို့ တိ အတွေးအမြင် ဟောင်း တိ ကိုအမြဲတမ်းဆုတ်ကိုင်ထားပနာတိုးတက်လာရေအမြင်တိနန့် တက်ကြွပနာလုပ်ဆောင်နိန်ရေလူငယ်သျှေတိကို သူရို့  ရဲ့ အတွေးတိကိုရိုက်သွင်းနိန်ရေလူကြီးတိလည်းအဂုအချိန်ထိ ဟိန့် နိန် ကတ်ပါရေ။ တချို့ လူငယ်တိကို ချုပ်ကိုင်နိန်တုန်းဖြစ်ပါရေ။ ယေကေလေ့ အကြောင်းအမျိုးမျိုးနန့်  ရီကြိုင်ရာမြက်နုရာကို ရောက်နိန်ကတ်ရ ရေဆိုစွာကိုလူတိုင်းရဲ့ ရင်ထဲမှာတချိန်တချိန်ရောက်ကေငါရို့ အ၀ီးရောက်ရခိုင်လုမျိုးတိစွာကိုယ့်နိုင်ငံကိုပြန်ရောက်ဖို့ဆိုရေအတွေးတိနန့်သျှင်သန်လုပ်ကိုင်စားသောက်နိန်ကတ်ပါရေ။
ယေကေလေ့အောက်ပြည်မှာမွီးခရရေလူကြီးလူငယ်တိစွာအဖရခိုင်နိုင်ငံကိုရောက်ဖူးချင်ကတ်ပါရေ။အကျွန်ရို့ ဆိုကေအရွယ်ရောက်လာရေဆိုစွာနန့် ဇာမြို့ ကိုအလားချင်ဆုံးလေ့ဇာဘုရားကိုဖူးချင်လေ့လို့ မောင်နှမတိအချင်းချင်းပြောကတ်တေဆိုကေ ငါရို့ အလားချင်ဆုံးကရခိုင်နိုင်ငံတော်နန့်  ရခိုင်နိုင်ငံအတွင်းမှာဟိန့်  ရေမဟာမြတ် မုနိ ရုပ်ရှင်တောင်မြတ်ကိုအဖူးချင်ဆုံးဗျာလ်လို့ ပြောကတ်ပါရေ။
ယင်းဆန္ဒစွာအကျွန်တယောက်တည်းရင်ထဲမှာရှိရေလို့ ရာထင်ထားရေပိုင်ရခိုင်သားတိုင်းရင်ထဲမှာယင်းဆန္ဒရှိရေဆိုစွာသိလာရပါရေ။ အရင်ခါကဆိုကေ ကိုယ့်ကအောက်ပြည်မှာမွီးရေဆိုရေအသိကြောင့် ရက်ပြတ်ဝမ်းနဲ အား ငယ် မိရေ။ ငါရို့ တိစွာရခိုင်ဆိုကေလေ့ရခိုင်ပြည်ကိုမရောက်ဖူး ရခိုင်အသုံးအနှုန်းစကားတိလေ့မမှန်ကန်ရိုးရာ ယိုင်ကျေးမှု့ကိုလေ့တပ်အပ်မသိ ငါရို့ တိစွာလူဖြိတ်ယုံးရေလို့ ထင်ခဖူးပါရေ။
ကိုယ့်နိုင်ငံကို ဗုဒ္ဓဘုရား သျှင် ကိုယ်တော် တိုင်ကြွရောက်ပနာ ဗျာဒိတ်ပီးခရေဆိုရေ စကား တိ ဟိန့် ခ ရေ နီရာဖြစ်တေ ကိုယ့်ရခိုင်နိုင်ငံကိုမရောက်ဖူးသိမ်းရေ အကျွန်ရို့ လူဖြစ်ယုံးရေဆိုစွာကို ဒေနိန် အချိန်ထိ ခံယူနိန် ကတ်တုန်းသိမ်းပါ။အကျွန်ရို့ ခံစားနိန်ရရေပိုင်ရခိုင်လုမျိုးဖြစ်ယင့်သားနန့်  ရခိုင်နိုင်ငံတော်ကိုမရောက် မဖူးသိမ်း ရေ လူတိုင်းရဲ့ ရင်ထဲမှာဒေပိုင်ခံစားချက်မျိုး ရှိနိန် လီ ဖို့ ပါရာနန်း ။ရခိုင်နိုင်ငံမှာ ရှိရေရခိုင် သူရခိုင် သားတိ ကိုကကောင်းအားကျမိပါရေ။ ရခိုင်နိုင်ငံမှာ ရှိရေလူတိစွာ အကျွန်ရို့ ပိုင်ရခိုင်နိုင်ငံကိုလွမ်းရေစိတ်တိခံစားဖူးဖို့ က မဟုတ်ပါ။
တန်ဖိုးဆိုစွာကိုလူကသတ်မှတ်ရေလို့ ပြောကတ်ပါရေမနား။ယေကေအကျွန်ရို့ အ၀ီးရောက်ရခိုင်တိစွာကိုယ့်ရခိုင်နိုင်ငံကိုမရောက်ဖူးသိမ်းကေလေ့တန်ဖိုးထားပါရေ။ ရခိုင်အမျိုးချစ်တေလူတိကိုလေ့လေး စားပါရေ။ ဆိုက်ဘေး ရီးယား ငှက်ချေတိဆိုစွာဇာနီရာကိုပင် ရောက်ရောက် အချိန်တန်ကေ အိမ်ပြန်ကတ်တေ ပိုင် အကျွန် ရို့ အ၀ီး ရောက်ရခိုင်တိလေ့အချိန်တန်လို့ အိမ်ပြန်ဖို့ နိန့် ကိုစောင့်နိန်ကတ်ပါရေ။
ဇာပိုင်ပင်ဖြစ်ဖြစ် ရခိုင်နိုင်ငံမှာ မမွီးဖွါးခရပဲ ရခိုင်ဆိုရေ လူမျိုးဘ၀ကိုပိုင်ဆိုင်ခရရေ အကျွန်ရို့  ဘ၀ကို ရခိုင် ဆို ရေ အသိတစ်ခုတည်းနန့် ပင် ဂုဏ်ယူနှိက်သိမ့်ကျေနပ်ပနာ ရခိုင်နိုင်ငံအရီးစွာ အကျွန်ရို့  အရီး ရခိုင်အသွီး အ သား စွာ အကျွန်ရို့  အသွီးအသား ရခိုင်နိုင်ငံသား ညီအကို မောင်နှမတိစွာ အကျွန်ရို့  မိသားစု အဖြစ် ခံ ယူပနာ ဇာလောက်ဝီးဝီး သွီးမ၀ီးပဲ ရခိုင်ဆိုကေအမျိုးကိုချိုက်တေ ဆိုရေ စကားနန့်  အညီ အကျွန်ရို့ အသွီးအသားမှာ တည်နီရေအတွက် ဒေနိထိ မျိုးမပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်လို့ နီနီကတ်ပါရေ။
သတင်းတိ ကြားနီပါရေ အကျွန်ရို့ သွီးချင်းတိကို ကုလားတိက ကိုယ့်မြီမှာ လဲ လာနီ ကိုယ်၇ို့ ကို လဲ ဓါးနန့် ခွတ် ဇာလောက်ထိ ၇င်နာစရာကောင်းပါလေ အကျွန်ရို့ အနိန်နန့်  ဇာ နီရာ ဇာ လောက်ဝီးဝီး အသွီးအသားက အရေးကြီူးကေ သွီးနီးပါရေ လက်ထိပ်ဆိပ်ကေ လက်မနာရပါရေ ယေဇူးတာကြောင့် အကျွန်ရို့  တိ ဇာ ကူညီ ချက်ပီး၇ဖို့  လဲ ဆိုပနာ ဇာ သူလဲ လှုံ့ ဆော်မှု့  တွန်းအားမပီးပဲ တာဝန်ယူမှု့  တာဝန် သိမှု့ တရပ် အနီနန့် ရခိုင်နိုင်ငံ သားတိ အတွက် အလှူကောက်ခံ ပြီး လှူတန်းခရေ အပြင် ဒေနီ၇ာမှာ ထဲ ထဲဝင်ဝင် ပါဝင်နိုင်ဖို့ ကိုစုစီးတိုင်ပင်လို့  ပါဝင်ဖို့ အဆင်သင့် ပြင်ပြီးသားဖြစ်နီါရေ။
အဂုဆိုကေ  အကျွန်ရို့ အ၀ီးရောက်ရခိုင်လူငယ်တိအတွက်ရောင်ခြည်တခုကိုအကျွန်ရို့ မြင်နိန်ရပါရေ။ ရက္ခ အလင်းတန်းဆိုရေ ရခိုင်လူငယ်တိစုပေါင်းထားရေလူငယ်အဖွဲ့ နန့် အ၀ီးရောက်အကျွန် ရို့ ရခိုင် လူငယ် အဖွဲ.စီးတိ ပူးပေါင်းပနာ အကျွန်ရို့ ရခိုင် နိုင်ငံတော်ကြီးအတွက် လုပ်ဆောင်နိန်နိုင်ကတ် ရေအတွက် ယင်းချင့်ကပင်အကျွန်ရို့ အ၀ီးရောက်ရခိုင်လူငယ်တိအတွက်ရောင်နီချေတခုဖြစ်ပါရေပိုင်အားဆီးတခွက်လေ့ဖြစ်လာပါရေ။အကျွန်ရို့ မျှော်လင့်နိန်ရေအိမ်မက်ချေစွာအကျွန်ရို့ နန့်  လက်တကမ်းမှာရောက်နိန်ပါရာ။
ရင်ထဲမှာ အမြဲတမ်းရှင်သန်တမ်းတနိန်ရေ အဖရခိုင်ပြည်ကြီးကို တနိဆိုရေ တချိန်မှာ ခြီချပြီးကေ ထဲထဲ ၀င်ဝင် လုပ်ဆောင်နိုင်ဖို့ အတွက် အကျွန် ရို့ မှာ အလင်းတန်းတစ်ခုပေါ်ပေါက်လာရေ လို့ ထင်မြင်ထားရေ အတွက် အဖရခိုင်နိုင်ငံသည်ကား အကျွန်ရို့ ရခိုင်တိုင်းရင်းသားအားလုံးပိုင်ဆိုင်ရေ နိုင်ငံတစ်ခုဖြစ်ပါ ရေလို့  ယုံကြည် တမ်းတနိန်မိပါယင့်။
အေးအေးစံ
(ရက္ခအလင်းတန်း)
0 comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
စာမူများဖိတ်ခေါ်ခြင်း
လေးစားအပ်ပါသော ရခိုင်သူ ၊ ရခိုင်သား အပေါင်းရို့... သင့်ရင်ထဲက ဆန္ဒမှန်နန့် သင်၏ခံစားချက်၊ သင့်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နိန်သော အကြောင်းအရာများနန့် သင်ကိုယ်တိုင် ရွီးစပ်ထားသော ကဗျာ ၊ ဆောင်းပါး၊ စာတန်း၊ သတင်းအချက်အလက်၊ ဓါတ်ပုံမှတ်တမ်းများကို
အခြားရခိုင်သူ ရခိုင်သားများ သိဟိခံစားနိုင်စီရန်အတွက် မျှဝီ လက်ကမ်း
ရီးသား ပီးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည် ။
ရက္ခအလင်းတန်း(ဗဟို)
နိုင်ငံတကာ သတင်းဌာနများ
ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘောထားများ
ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘေထားများ
  © Blogger template The Professional Template II by Ourblogtemplates.com 2009
Back to TOP