(၂၂၈)နှစ်မြောက် ရခိုင့်နိုင်ငံတော်အချုပ်အချာ အာဏာကျဆုံးရေနိန့်အခန်းအနား ပြုလုပ်ခြင်း

Monday, December 31, 2012


ရက္ခအလင်းတန်းမှ ဦးဆောင်လျက်
ရန်ကုန်ရောက်    ရခိုင်ပြည်သားရို့
အားလုံးပူးပေါင်းပါဝင်ကာအောက်မိ
ဖွယ်အခန်းအနားကို ဒီဇင်ဘာ (၃၀)
ရက်နိက ရွှေပြည်သာမြို့ နယ်    ကံ
ညီနောင်ဘုန်းတော်ကြီးကျောင်းတွင်
ကျင်းပပြုလုပ်ခဲ့ကြပါသည်။အခန်းအ
နားကို ဘုန်းတော်ကြီး ရဟန်းသင်္ဃာ

များနန့်  အဖွဲ့ အစည်းအသီးသီးမှ လူကြီးများ ကျောင်းသူ/သားများ စက်ရုံအလုပ်ရုံမှ
အလုပ်သမားများနန့်  ရခိုင်ပြည်သားများ တက်ရောက်ခကတ်ပါရေ။အောက်မိဖွယ်
နိန့်တွင် ရခိုင်စည်တော်နန့် နာယကဆရာတော်များက နမောတသ ရွက်ဆိုဖွင့်လှစ်
ကြပြီး  ရခိုင့်အဖွဲ့အစည်းအသီးသီးက  တက်ရောက်လာသော  တာဝန်ဟိသူများက
အောက်မိဖွယ်နိန့်နန့်ပတ်သက်လို့  အသီးသီးပြောကြားကြပြီးကေ  ပြည်တွင်းပြည်ပ
က ပီးပို့လာရေသ၀ဏ်လွာတိ ကဗျာတိကို ရက္ခအလင်းတန်း   ဒုဥက္ကဌကဖတ်ကြား
ပီးလားပါရေ။ ရခိုင်နိုင်ငံတော်အတွက် အသက်ပီးလားခကတ်တေ ဘိုး ဘေး မင်းမျိုး
မင်းဆွေများအားတက်ရောက်လာရေ ပရိတ်သတ်တိ အားလုံးက (၂) မိနစ်ငြိမ်သက်
ဆုတောင်းခြင်း  ပြုလုပ်ကြပြီး  ရက္ခအလင်းတန်းမှ  နာယက ဒေါ်မာမာကျော်ဇောမှ
အောက်မိဖွယ်လုပ်ရခြင်းရည်ရွယ်ချက်နန့် ဒေနိက စပြီးကေ နောက်ထပ်လုပ်ဆောင်
သင့်ရေလုပ်ငန်းစဉ်တိကို ထုတ်ဖေါ်ပြောပြစိန်ခေါ်ချက်တိကို တင်ပြဆွေးနွေးလားပြီး
အစီးအဝေးကို ရခိုင်စည်တော်ဖြင့် တီးခတ် ရုတ်သိမ်းလိုက်ပါရေ။
အခန်းအနားကို စုစုပေါင်း လူ၂၀၀-ခန့်  တက်ရောက်ခကတ်ပြီးကေ ညဇာ၎-နာရီမှာ
 ပြီးဆုံးခကတ်ပါရေ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

စာမူများဖိတ်ခေါ်ခြင်း

လေးစားအပ်ပါသော ရခိုင်သူ ၊ ရခိုင်သား အပေါင်းရို့... သင့်ရင်ထဲက ဆန္ဒမှန်နန့် သင်၏ခံစားချက်၊ သင့်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နိန်သော အကြောင်းအရာများနန့် သင်ကိုယ်တိုင် ရွီးစပ်ထားသော ကဗျာ ၊ ဆောင်းပါး၊ စာတန်း၊ သတင်းအချက်အလက်၊ ဓါတ်ပုံမှတ်တမ်းများကို
အခြားရခိုင်သူ ရခိုင်သားများ သိဟိခံစားနိုင်စီရန်အတွက် မျှဝီ လက်ကမ်း
ရီးသား ပီးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည် ။

ရက္ခအလင်းတန်း(ဗဟို)

နိုင်ငံတကာ သတင်းဌာနများ

ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘောထားများ

ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘေထားများ

  © Blogger template The Professional Template II by Ourblogtemplates.com 2009

Back to TOP