ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနား
Sunday, September 8, 2013
နာယကကြီး ဒေါ်မာမာကျော်ဇောအား ဂုဏ်ပြုနှုတ်ဆက်သော အခမ်းအနားကို
၂၀၁၃ -ခု၊ စက်တင်ဘာလ၊၈ -ရက် (တလင်္ဂနွီ) နိန့်တွင် ရက္ခအလင်းတန်းအဖွဲ့(ဗဟို)
ရုံး၌ အလုပ်အမှုဆောင်အဖွဲ့ဝင်များ စုံညီစွာဖြင့် ကျင်းပပြုလုပ်ခပါသည်။
အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် အထွေထွေအတွင်းရေးမှူး ကိုမျိုးမြင့်
ဇော်မှ ဆောင်ရွက်ပြီး ရှိဦးစွာ ဒုဥက္ကဌ ကိုလင်းတေဇမှ ဂုဏ်ပြုပွဲ ပြုလုပ်ရခြင်း
အဓိပ္ပါယ်အား ယှင်းလင်းပြောကြားကာ အမှုဆောင်နာယကကြီးဒေါ်မာမာကျော်ဇော
မှ နှုတ်ထွက်ရခြင်း အကြောင်းအရင်းအား ယှင်းပြပြီးနောက် အဖွဲ့ဝင်များအား တ
သက်တာ အမှာစကားများ ပြောကြားခပါသည်။
  ထို့နောက် ကိုသန်းစိုး (နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ)မှ ရက္ခအလင်းတန်းအဖွဲ့
(ဗဟို) အမှုဆောင်ကော်မတီ၏ နာယ ကြီးဒေါ်မာမာကျော်ဇောအား နှုတ်ထွက်ခွင့်ပြု
သည့် ထုတ်ပြန်ချက်ကို ဖတ်ကြားကြေငြာပြီးနောက် အဖွဲ့ဝင်များမှ နာယကကြီးအား
နှုတ်ဆက် ဂရဝပြုကတ်ပါသည်။
မမေသူသူ (မဟာမိတ်ရေးရာတာ ဝန်ခံ)၊ မတင်တင်စိုး (ဘဏ္ဍာရေးမှူး)၊ မမိုးမိုးကြည်
(စာရင်းစစ်မှူး) ကိုမျိုးမြင့်ဇော် (အထွေထွေအတွင်းရေးမှူး)၊  မတင်တင်ဖြိုး (အတွင်း
ရေးမှူး)၊  မရွှေယီ (တွဲဖက်အတွင်းရေးမှူး)၊ ကိုစံထွန်းမောင် (လုံခြုံရေးတာဝန်ခံ)၊
မခင်မြဝေ (လစဉ်ကြေးကောက်ခံရေး တာဝန်ခံ(ရွှေပြည်သာ))၊ မဖြိုးဝေဦး (လစဉ်
ကြေးကောက်ခံရေးတာဝန်ခံ(လှိုင်သာယာ))၊ ကိုမျိုးဝင်း (ဗဟိုရုံးအဖွဲ့ဝင်)ရို့နန့်အဖွဲ့
သူ အဖွဲ့သားများမှ နာယကကြီး အတွက် အမှတ်တရ စကားများ ပြောကြားကတ်
ပါသည်။
ထို့နောက် ဂုဏ်ပြုနှုတ်ဆက်ပွဲကို မတက်ရောက်လာနိုင်သော ဥက္ကဌမပံသု့စံ
နန့် နည်းပညာရေးရာတာဝန်ခံ ကိုလင်းလင်းထွန်းရို့၏  ဂုဏ်ပြုနှုတ်ဆက်ခြင်းသဝန်
လွှာများကို ဖတ်ကြားပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခပါသည်။
ထို့အပြင် အခမ်းအနားကို လူကိုယ်တိုင် မတက်ရောက်လာနိုင်ကတ်သော
ဒေါ်စိန်စိန်အေး (နာယက) ၊ ဦးဖိုးကျော်ဖြူ (နာယက)၊ ဦးကျော်စိုးလူ ((အကြံပီး)
(စာပီစီစစ်ရေးအယ်ဒီတာချုပ်))၊ မမြခင်စံ (ဘဏ္ဍာရေးမှူး)၊ ကိုအောင်ကိုခိုင် (စာရင်း
စစ်မှူး)၊တွဲဖက်အတွင်းရေးမှူး ကိုအောင်ဟိန်းလှိုင် (စာရင်းကိုင်)၊ တွဲဖက်အတွင်းရေး
မှူး ကိုချမ်းငြိမ်းအောင် (သုတေသနတာဝန်ခံ)၊ ရဲဝင်းထွဋ် (သင်တန်းတာဝန်ခံ)၊
မအေးအေးစံ(တွဲဖက်ရံပုံငွေရှာဖွေရေးလုပ်ငန်းတာဝန်ခံ)၊ မခိုင်စိုးစံ  (ရုံးအဖွဲ့မှူး)၊
မသန်းမေ (တွဲဖက်စည်းရုံးရေးတာဝန်ခံ)၊ ကိုကျော်နိုင်ဝင်း (စာစီစာရိုက် နန့် ဒီဇိုင်း
တာဝန်ခံ)၊ ဗဟိုရုံးအဖွဲ့ဝင် ကိုဇော်နိုင်ဝင်း၊ ကိုလှချေ၊ ကိုအောင်သန်းဌေး ရို့မှလည်း
တယ်လီဖုန်းမှတဆင့် နှုတ်ဆက်စကားများ ပြောကြားပီးလား ကတ်ပါကြောင်း တင်ပြ
အပ်ပါ သည်။
                                                                  ရက္ခအလင်းတန်း(ဗဟို)
                                                                  သတင်းနန့် ပြန်ကြားရေးဌာန
0 comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
စာမူများဖိတ်ခေါ်ခြင်း
လေးစားအပ်ပါသော ရခိုင်သူ ၊ ရခိုင်သား အပေါင်းရို့... သင့်ရင်ထဲက ဆန္ဒမှန်နန့် သင်၏ခံစားချက်၊ သင့်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နိန်သော အကြောင်းအရာများနန့် သင်ကိုယ်တိုင် ရွီးစပ်ထားသော ကဗျာ ၊ ဆောင်းပါး၊ စာတန်း၊ သတင်းအချက်အလက်၊ ဓါတ်ပုံမှတ်တမ်းများကို
အခြားရခိုင်သူ ရခိုင်သားများ သိဟိခံစားနိုင်စီရန်အတွက် မျှဝီ လက်ကမ်း
ရီးသား ပီးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည် ။
ရက္ခအလင်းတန်း(ဗဟို)
နိုင်ငံတကာ သတင်းဌာနများ
ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘောထားများ
ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘေထားများ
  © Blogger template The Professional Template II by Ourblogtemplates.com 2009
Back to TOP