ရခိုင်ပြည်အတွက် ရက္ခအလင်းတန်း
Sunday, March 17, 2013
ရက္ခအလင်းတန်း(ဗဟို) မှ ရခိုင်ပြည်အတွင်းဟိ ဒုက္ခသည်များအတွက်ကယ်ဆယ်
ရေးပစ္စည်းများ လှူတန်းခြင်း နန့်  စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရန်အတွက်၂၀၁၃
-ခု ဇန်န၀ါရီလမှ စတင်ကာ လေ့လာ၊ ကွင်းဆင်း၊ ကူညီမူ များ ပြုလုပ်လျှက်ဟိ
ကြောင်း တင်ပြအပ်ပါသည်။
ရက္ခအလင်းတန်း(ဗဟို)မှ ဒုဥက္ကဌ ဦးဆောင်သော အဖွဲ့သည် ရခိုင်ပြည်အတွင်းဟိ
ဒုက္ခသည်စခန်း များသို့ လားရောက်လှူတန်း ကူညီလျှက် ဟိနိန်ပါသည်။ ဇန်န၀ါရီ
လအတွင်းက ရခိုင်ပြည်နယ်ကျောက်ဖြူဒုက္ခသည်စခန်းနန့် မောင်တောမြို့နယ်ဟိ
(ကံသာယာ၊ ဝေသာလီ) ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များအတွက် လိုအပ်
သော အ၀တ်အစားများကို လှူတန်းနိုင်ခပြီး၊ ဦးလှထွီးဖြူ (အမေရိက)မှ ဒေါ်လာ
500$ ပံ့ပိုးကူညီမှုနန့်အတူ ရက္ခအလင်းတန်း(ဗဟို)၏ ဖြည့်ဆည်းပစ္စည်းများဖြင့်
မောင်တောမြို့၊ နံသာတောင်ကျေးရွာ၊ ပရဟိတ စာသင်ကျောင်းမှ ကျောင်းသူ/
ကျောင်းသား ၃၆-ဦးအတွက် လိုအပ်သည်များကို ကူညီလှူတန်းနိုင်ခပြီး နံသာ
တောင် ရွာသူ/ရွာသားများအတွက်လေ့ အ၀တ်အထည်များကို လှူတန်း ပီးနိုင်ခပါ
သည်။၎င်းနောက် ဖေဖေါ်ဝါရီလအတွင်းတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြတ်ဗုဒ္ဓ
မဏ္ဍိုင်ကျောင်းတိုက်ဟိ ဒုက္ခသည်များနန့် မင်းပြားမြို့နယ်၊သေကန်ကျေးရွာဟိဒုက္ခ
သည်များအတွက် အ၀တ်အထည်များ လှူတန်း ခြင်းကို ပြုလုပ်ခကတ်ပါသည်။
ဆက်လက်ပြီး ရက္ခအလင်းတန်းအဖွဲ့၏ အဓိက ရည်မှန်းချက်တခုအဖြစ် ထားဟိ
သော ရခိုင်ပြည်အတွင်း စာမဖတ်သူ ပပျောက်ရေးနန့် အမျိုးသားရေးစိတ်ဓါတ် ရှင်
သန်နိုးကြားပြီး ဇာတိသွီး၊ ဇာတိမာန် ကိန်းအောင်းလာစီရန် ယုံကြည်ချက်ဖြင့် ရခိုင်
ပြည်နိန်ရာအနှံ့မှာ စာကြည့်တိုက်များကို ဒေသခံများ၏စိတ်အား ထက်သန်မှုနန့်အဖွဲ့
၏ ရံပုံငွေ၊ အချိန်ပီးနိုင်မှုရို့ကို ထိန်းညှိပြီး အဆင့်ဆင့် ဦးစားပီးစနစ်ဖြင့် မဖြစ်မနိန်
ရေရှည်စီမံကိန်းဆွဲကာ လုပ်ဆောင်လားမည် ဖြစ်ပါသဖြင့် ၎င်းစီမံကိန်း၏ ပထမ ခြီ
လှမ်းသစ်အဖြစ် စစ်တွေမြို့ ရက္ခအလင်းတန်းစာကြည့်တိုက်ကို ဖေဖေါ်ဝါရီလ(၁၉)
ရက်နိတွင် စတင်အကောင်အထည်ဖေါ်ဖွင့်လှစ်လားမည်ဖြစ်ပြီး စာကြည့်တိုက် စနစ်
တကျ လည်ပတ်နိုင်ရန်နန့် ရေရှည်တည်တန့်အောင် ရက္ခအလင်းတန်း ဌာခွဲရုံးဖြင့်
တွဲဖက်ကာ စနစ်တကျ ထိန်းသိမ်းလားမည် ဖြစ်ပါသည်။
တခြားမြို့နယ်များတွင်လေ့ ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ်လျှက်ဟိနိန်သည့်အတွက်
စာကြည့်တိုက်အတွက် စာအုပ်စာတန်းများကို ဆက်သွယ် လှူတန်းနိုင်ပါကြောင်း အ
သိပီး နိုးဆော်အပ်ပါသည်။
ကိုလင်းတေဇ (၀၉-၄၂၈၀ ၁၈၉၆၆)
ရက္ခအလင်းတန်း(ဗဟို)၊ရန်ကုန် (၀၉-၄၉၃၁ ၆၂၃၄)
ဒု-ဥက္ကဌ (ရက္ခအလင်းတန်း-ဗဟို)
အမှတ်(၄၆)၊ တောင်ဌာနလမ်း၊ စစ်တွေမြို့(ယာယီ)
0 comments:
Post a Comment