စာအုပ်များလှူတန်းခြင်း

Saturday, March 16, 2013


ရခိုင်ဒေသဟိ မဖွံ့ဖြိုးမတိုးတက်သော
နိန်ရာများတွင် စာကြည့်တိုက်များ
တည်ဆောက်ဖွင့်လှစ်ရေးနန့် ကူညီပံ့
ပိုးရေးတွင် စာပေလောက-၅ စာအုပ်
တိုက်(ရန်ကုန်မြို့)မှ ရက္ခအလင်းတန်း
(ဗဟို)သို့  စာအုပ်များ လှူတန်းခပါ
သည်။ ရက္ခအလင်းတန်းမှ ရခိုင်ဒေသ
တွင် စာကြည့်တိုက်များ ဖွင့်လှစ်ရေး
အတွက် လိုအပ်နိန်သည့်စာအုပ်များ

ကို စာပေလောက-၅ စာအုပ်တိုက်ပိုင်သျှင် ဒေါ်နှင်းမြတ်သွယ်မှ ရက္ခအလင်းတန်း
နာယကကြီး ဒေါ်မာမာကျော်ဇောထံသို့ အမျိုးအစားစုံလင်သည့် စာအုပ်ပေါင်း
(၃၈၅)အုပ်နန့် ဂျာနယ်များကို လှူတန်းခပါသည်။
ဒေါ်နှင်းမြတ်သွယ်မှ စာကြည့်တိုက်အတွက် လိုအပ်ချက်များကို သူ့အနေဖြင့်လှူတန်း
နိန်ကျ ဖြစ်ပြီး ဆက်လက်ပြီးလေ့ ကူညီလှူတန်းပါမည်။ စာကြည့်တိုက်အတွက် ဝယ်
ယူရန်လိုအပ်သော စာအုပ်စာတန်းများကိုလေ့ ဈီးလျှော့ပြီး ရောင်းပီးလားပါမည်ဟု
စိတ်ရင်းစေတနာ ထက်သန်စွာဖြင့် ပြောကြားယင်း အထက်ပါစာအုပ်များကို လှူတန်း
လိုက်ခြင်း ဖြစ်ပါသည်။
၎င်းနည်းတူပင် ရန်ကုန်မြို့၊ရွှေဂုံတိုင်၊(Myanmar Tourism Service)မှ ကိုသန်းစိုးမှာ
လေ့ဂျာနယ်နန့် စာအုပ်များကို ရက္ခအလင်းတန်း(ဗဟို)သို့ လှူတန်းခပါသည်။
သို့ဖြစ်ပါ၍ ရခိုင်ဒေသဟိ စာကြည့်တိုက်များမှာ သုတ၊ ရသ ရနံ့အဖြာဖြာ စာအုပ်စာပီ
များနန့်သိသင့်၊ သိထိုက်သည့် အမျိုးသားရေး စာပီများဖြင့် ဝီဝီဆာဆာ တင့်တယ်ဖြစ်
ထွန်းလာစီရန်  ဆက်လက်ပြီးပံ့ပိုး လှူတန်းလိုသော စေတနာသျှင်များ အနိန်ဖြင့်လေ့
ရက္ခအလင်းတန်းသို့ ဆက်သွယ်လှူတန်းနိုင်ပါကြောင်းကို အသိပီးနှိုးဆော်အပ်ပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

စာမူများဖိတ်ခေါ်ခြင်း

လေးစားအပ်ပါသော ရခိုင်သူ ၊ ရခိုင်သား အပေါင်းရို့... သင့်ရင်ထဲက ဆန္ဒမှန်နန့် သင်၏ခံစားချက်၊ သင့်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နိန်သော အကြောင်းအရာများနန့် သင်ကိုယ်တိုင် ရွီးစပ်ထားသော ကဗျာ ၊ ဆောင်းပါး၊ စာတန်း၊ သတင်းအချက်အလက်၊ ဓါတ်ပုံမှတ်တမ်းများကို
အခြားရခိုင်သူ ရခိုင်သားများ သိဟိခံစားနိုင်စီရန်အတွက် မျှဝီ လက်ကမ်း
ရီးသား ပီးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည် ။

ရက္ခအလင်းတန်း(ဗဟို)

နိုင်ငံတကာ သတင်းဌာနများ

ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘောထားများ

ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘေထားများ

  © Blogger template The Professional Template II by Ourblogtemplates.com 2009

Back to TOP