ကံသာယာကျေးရွာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆောင်အတွက် အလှူငွေ ပီးအပ်ခြင်း
Sunday, March 17, 2013
ဘင်္ဂါလီ အကြမ်းဖက်သမားများ၏
မီးတိုက်ခြင်းကို ခံလိုက်ရသော ရွာ
ယှစ်ရွာထဲမှ တစ်ရွာဖြစ်သည့် ကံသာ
ယာ (အလယ်ရွာ) စာသင်ကျောင်း
ဆောင်အား မောင်တောခရိုင် အမျိုး
သားကူညီစောင့်ရှောက်ရေး ဖေါင်ဒေး
ယှန်း (MNWF) မှ ဦးမြင့်သိန်း (ခရိုင်
ဥပဒေရုံး-လက်ထောက်ညွှန်ကြားရေး
မှူး) နန့် ဆရာကြီး ဦးအောင်ကျော်ညွန့်
(အထက်တန်းရှိနိန်) ရို့မှ ဦးဆောင်ကာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောင်
အဖြစ် စည်းရုံး ကြိုးပမ်း ဆောက်လုပ်လျှက် ဟိရာ၊ ၂၀၁၃ ဇန်နဝါရီလတွင် ဖောင်
ဒေးယှန်းချ၊ တိုင်ထူ၊ ထရံကာ၊ သွယ်မိုးအဆင့်ကို တပိုင်းတစ ရောက်ဟိနိန်ပြီး ဖြစ်
ပါသည်။သို့ဖြစ်ပါ၍ ရက္ခအလင်းတန်းမှ ကယ်ဆယ်ရေးပစ္စည်းများ လှူတန်းစဉ်၌
မြင်တွိ့ခပြီးသား ကံသာယာရွာ စာသင်ကျောင်းဆောင်အတွက် အလှူငွေ၂၀၀၀၀၀
(နှစ်သိန်းကျပ်)ကို ကျောင်းဆောင်အား ဦးဆောင် ဆောက် လုပ်နိန်သော ဦးမြင့်
သိန်းနန့် ဦးအောင်ကျော်ညွန့်ရို့အား ရက္ခအလင်းတန်းဌာနခွဲရုံး (စစ်တွေ)တွင် ဖိတ်
ခေါ် တွိ ဆုံဆွေးနွေးပြီး ရက္ခအလင်းတန်း(ဗဟို) ဒုဥက္ကဌမှ ပီးအပ်လှူတန်း လိုက်ပါ
သည်။
0 comments:
Post a Comment