ရခိုင် တေးဂီတဖျော်ဖြေရေး

Saturday, October 6, 2012


ရက္ခအလင်းတန်းမှ ဦးဆောင်ပြီးကေ ရခိုင်ဒေသဟိ မဖွံ့ ဖြိုး မတိုးတက်သိရေ နေရာတိမှာ စာကြည့်တိုက်တိ တည်ဆောက် ထောက်ပံ့ရေးအတွက် ရခိုင်တေးဂီတဖျော်ဖြေ ပွဲတရပ်ပြုလုပ်ပြီး ရံပုံငွေရှာဖွီလားရန် စီစိုင်ထားရှိပါသည်။

ရန်ကုန်မြို့ ရက္ခအလင်းတန်း(ဗဟို)မှ အောက်တိုဘာလ ၂၇-ရက်နိန့်နှင့် ၂၈-ရက်နိန့်တို့တွင် ရွှေပြည်သာမြို့နယ်နန့် ယုဇန ဥယျာဉ်မြို့တော်တိမှာ ရခိုင်အဆိုတော်များက စုစီးပါဝင်ပြီးကေ အမျိုးသားရေးကို ရှေ့ရှုပနာ ရံပုံငွေရရှိဖို့အတွက် ဆောင်ရွက် လားကတ်ဖို့  ဖြစ်ပါသည်။
ရက္ခအလင်းတန်းအနိန်ဖြင့် စတိတ်ရှိုးပြုလုပ်ပြီးရံပုံငွေရှာခြင်းသက်သက်မဟုတ်ရပဲ အဝီးရောက် ရခိုင်အချေတိအတွက် အ မျိုးသားရီး အားမာန် ဟိလာအောင်နန့် ရခိုင့်အနုပညာအပေါ် စိတ်ပါဝင်စားလာ အောင်ဆောင်ရွက်ပီးခြင်းအပြင် အချေတိ အတွက် မိမိရို့ စာပီသမိုင်း ယိုင်ကျေးမှုတိကို စာပီကျမ်းကန်အရ တိတိကျကျ သမိုင်းမှန်ကို လေ့လာသိဟိနိုင်ရန်အတွက်ကို အဓိကရည်ရွယ်ပြီး ဒေပွဲကိုပြုလုပ်ရစွာ ဖြစ်တေလို့ ရက္ခအလင်းတန်းမှ နာယက ဒေါ်မာမာကျော်ဇောက ပြောကြားပါရေ။
ပွဲကိုလေ့ အလုပ်သမားတိအတွက် ဈီးသက်သက်သာသာနန့် ကြည့်ရှူနိုင်ကတ်အောင်အတွက် စီစိုင်ဆောင်ရွက်ထားပြီး ကေ ပွဲအပြီးမှာ အဆိုရှင်တိနန့် ရခိုင်လူငယ်ချေတိ တွိ့ဆုံပွဲကိုလေ့ ပြုလုပ်လားဖို့ဆိုစွာကို ပြောကြားပါရေ။ ရခိုင်နိုင်ငံသားတိ အနိန်နန့်လဲ စာပီလုပ်ဆောင်ချက်အပေါ်မှာ တတ်အားသရွေ့ ပါဝင်ကူညီလားနိုင်ကြောင်းကို အသိပီးအပ်ပါသည်။
စာကြည့်တိုက်အတွက် လိုအပ်တေ စာအုပ်စာတန်းများကိုလေ့ အောက်လိပ်စာအတိုင်း ဆက်သွယ် လှူတန်းနိုင်ပါသည်။

ရက္ခအလင်းတန်း(ဗဟို) 09-49316234

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

စာမူများဖိတ်ခေါ်ခြင်း

လေးစားအပ်ပါသော ရခိုင်သူ ၊ ရခိုင်သား အပေါင်းရို့... သင့်ရင်ထဲက ဆန္ဒမှန်နန့် သင်၏ခံစားချက်၊ သင့်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နိန်သော အကြောင်းအရာများနန့် သင်ကိုယ်တိုင် ရွီးစပ်ထားသော ကဗျာ ၊ ဆောင်းပါး၊ စာတန်း၊ သတင်းအချက်အလက်၊ ဓါတ်ပုံမှတ်တမ်းများကို
အခြားရခိုင်သူ ရခိုင်သားများ သိဟိခံစားနိုင်စီရန်အတွက် မျှဝီ လက်ကမ်း
ရီးသား ပီးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည် ။

ရက္ခအလင်းတန်း(ဗဟို)

နိုင်ငံတကာ သတင်းဌာနများ

ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘောထားများ

ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘေထားများ

  © Blogger template The Professional Template II by Ourblogtemplates.com 2009

Back to TOP