ဧရာဝတီမှ ရခိုင်သွီးချင်းများအတွက် ပြန်လည်တည်ဆောက်ခြင်း

Tuesday, July 30, 2013

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်(တောင်ပိုင်း)တွင် နိန်ထိုင်ကတ်သော
ရခိုင်သွီးချင်းများ၏ ဖိတ်ကြားချက်အရ ရက္ခအလင်းတန်း(ဗဟို)မှ လားရောက်
တွိ့ဆုံပြီး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ခကြောင်း ရက္ခအလင်းတန်း(ဗဟို)
ဒု-ဥက္ကဌမှ ပြောကြားပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ သကံကျေးရွာအုပ်စုအတွင်းဟိ
အောင်မင်္ဂလာရွာ၊ စပယ်ကုန်းကျေးရွာအုပ်စုအတွင်းဟိ ရွာတန်းရှည်ရွာနန့် ဘဝသစ်
ရွာ၊ ဝဲကြီးကျေးရွာအုပ်စုအတွင်းဟိ ဂုံမင်းချောင်းရွာများသို့ ဇူလိုင်လ ၂၀-ရက်နိမှ
၂၃-ရက်နိ အထိ လားရောက်ကာ အ၀ကျွန်းမှပြန်လာပြီး ဧရာဝတီတိုင်းဒေသကြီးအ
တွင်း အခြီချ နိန်ထိုင် နိန်ကတ်သော ဌာနိန်ရခိုင်သွီးချင်းများနန့် ရင်းရင်းနှီးနှီးတွိ့ဆုံ
ကာ ၄င်းရို့၏ အခြေခံလူမှုဖုံလုံရေး ကိစ္စရပ်များနန့် (နှစ်ပေါင်းများစွာ အဆက်အ
သွယ်ပြတ်မှုကြောင့် ပျောက်ဆုံးလုနီးပါးဖြစ်နိန်သော) ရခိုင့်အမျိုးသားရေးလက္ခဏာ
များကို ပြန်လည်ဖေါ် ထုတ်ထိန်းသိမ်းရေး ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးခ
ကတ်ပါသည်။
ဘိုကလေး(တောင်ပိုင်း)နိန် ရခိုင်လူမျိုးများထံသို့ ၅၆ -နှစ်တိုင်တိုင် မည်သည့်ရခိုင်
အဖွဲ့အစည်းမှလေ့ မရောက်လာ၊ ၄င်းရို့ကိုယ်တိုင်လေ့ မည့်သည့်ရခိုင်အဖွဲ့အစည်း
ကိုမှ မဆက်သွယ်ဖြစ်ခသည့်အပြင် ရခိုင်ပြည်မနန့်လေ့ ကူးလူးဆက်ဆံမှု လုံးဝပြတ်
တာက် နိန်ခပါသည်။ ဤသို့ဖြင့် ၄င်းရို့မှာ ရခိုင်ဟုထောက်ပြစရာ ရခိုင်စကားပြော
သာ လူနည်းစုနန့်ဗမာစကားပြောပြီး ရခိုင်စကားကိုနားလည်သော လူများစုသာကျန်
ဟိပြီး အခြားသော ရခိုင့်အမျိုးသားရေးလက္ခဏာများမှာ အားလုံးနီးပါး ဖုံးကွယ်ဆိတ်
သုန်းလျှက် ဟိနိန်သည်ကို မြင်တွိရပါသည်။
သို့သော် ရက္ခအလင်းတန်းနန့် တွိဆုံဆွေးနွေးဟောပြောရသော အချိန်၌ ၄င်းရို့၏
မျိုးချစ်စိတ်ဓာတ်မှာ ရှင်သန်နိန်တုန်းပင်ဖြစ်ပြီး အမျိုးသားရေးလက္ခဏာများကို ပြန် လည်ရဟိလိုသောဆန္ဒမှာလေ့ ပြင်းပြလျှက်ဟိနိန်ဆဲပင်ဖြစ်၍ လိုအပ်ချက်ပေါင်းများ
စွာကို ရက္ခအလင်းတန်းအဖွဲ့နန့်အတူ ပူးပေါင်းဆောင်ရွက်ရန် ရခိုင်အိမ်ထောင်စု၃၈၆
(အောင်မင်္ဂလာရွာ ၃၉-အိမ်၊ ရွာတန်းရှည်ရွာ ၁၅၀-အိမ်၊ ဘ၀သစ် ၁၀၂-အိမ်၊ ဂုံမင်း
ချောင်းရွာ ၉၅-အိမ်) ဆောင်မှ ရခိုင်မိသားစုများအားလုံး တညီတညွတ်တည်း ပူး
ပေါင်း ပါဝင်သော ရက္ခအလင်းတန်းဌာနခွဲ (ဘိုကလေး-တောင်ပိုင်း) ကို ဖွဲ့စည်းပီးခ
ပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

စာမူများဖိတ်ခေါ်ခြင်း

လေးစားအပ်ပါသော ရခိုင်သူ ၊ ရခိုင်သား အပေါင်းရို့... သင့်ရင်ထဲက ဆန္ဒမှန်နန့် သင်၏ခံစားချက်၊ သင့်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နိန်သော အကြောင်းအရာများနန့် သင်ကိုယ်တိုင် ရွီးစပ်ထားသော ကဗျာ ၊ ဆောင်းပါး၊ စာတန်း၊ သတင်းအချက်အလက်၊ ဓါတ်ပုံမှတ်တမ်းများကို
အခြားရခိုင်သူ ရခိုင်သားများ သိဟိခံစားနိုင်စီရန်အတွက် မျှဝီ လက်ကမ်း
ရီးသား ပီးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည် ။

ရက္ခအလင်းတန်း(ဗဟို)

နိုင်ငံတကာ သတင်းဌာနများ

ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘောထားများ

ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘေထားများ

  © Blogger template The Professional Template II by Ourblogtemplates.com 2009

Back to TOP