ကျောက်ဖြူမြို့ရှိဒုက္ခသည်များ သို့ 
Saturday, January 26, 2013
ရက္ခအလင်းတန်း(ဗဟို)အဖွဲ့မှ ကျောက်
ဖြူမြို့ရှိ အရှေ့ ပိုင်းပိုက် ဆိပ်/အနောက်
ပိုင်း ပိုက်ဆိပ်ရပ်ကွက်အတွင်း ကုလား
ပြသနာတွင် မီးလောင်ခံ ခဲ့ရသည့်အိမ်
ထောင်စု (၅၃)စုအတွက် အ၀တ်အ
ထည်များ လှူတန်းခြင်းကို (၂၅-၁-
၂၀၁၃)ရက်နိန့်က ဒုက္ခသည်များနိန်ထိုင်
သော ကျောက်ဖြူမြို့ဒုက္ခသည် စခန်း
တွင် လားရောက် လှူတန်း ခ ပါသည်။
ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု(၅၃)စုလက်ဟိ နိန်ထိုင်ပြီး အပြင်တွင် နိန်ထိုင်သူ
အိမ်ထောင်စုနန့် စုစုပေါင်း (၆၃)စု ဟိကြောင်း တာဝန်ဟိသူဦးအေးထွန်းအောင်က
ပြောကြားပါသည်။ သူရို့  ဒုက္ခသည်အတွက် ထားဟိရေ ဒေနီရာကို လာရောက်နိန်
ထိုင်စွာ တလခွဲ ဟိလားပါဗျယ် အရင်က ဘုန်းတော်ကြီးကျောင်းမှာ ထားဟိကြောင်း
နန့်  အစိုးရကလူတစ်ဦးကို ဆန်တစ်ဗူးကျနှုံးနန့်  ထောက်ပံ့ထားကြောင်း ဆီနန့်ပဲများ
ကိုလေ့ အ၀ီကျပီးကြောင်းအပြင် ဆီးကုသမှုကိုလေ့ တစ်လကို ၂-ကြိမ်ခန့် ပြုလုပ်ပီး
ကြောင်း ပြောပါသည်။
သူရို့  အတွက် အိမ်ပြန်လည်ရဟိဖို့အတွက်ကိုက ဇာပိုင်စီစိုင်လာဖို့ဆိုစွာ မသိရသိပါ
မိုးတွင်းရောက်ကေ အဂုလက်ဟိနိန်ရေ နိန်ရာက ရီကြီးလို့  နိန်လို့မရ ဖြစ်တေ အ
တွက် တစ်ခုခုတော့ လုပ်ပီးလာလိမ့်မေလို့ မျှော်လင့်ထားရေ အကြောင်းကိုလေ့ပြော
ပြပီးပါသည်။ ဒုက္ခသည်များသား/သမီးများ ပညာရေးအတွက် ကတော့လက်ဟိ
ကျောင်းက မီးလောင်ထဲပါလားရေအတွက် ကျောင်းပြောင်းတက်နိန်ရကြောင်းသိရ
ပါသည်။ဒုက္ခသည်စခန်းမှာ နိန်ထိုင်ရေလူတိမှာ နဂိုကတည်းကမှ လက်လုပ်လုက်စား
တိဖြစ်ကတ်ပြီးကေ ငါးရှာရေအလုပ်နန့်  အသက်ဝမ်းကျောင်းကတ်တေအတွက် အဂု
အချိန်မှာ နဂိုကကုလားတိပါးမှာ အငှားခံလိုက်နိန်ခရရေအတွက် ပြသနာဖြစ်ပြီးရေ
နောက်မှာ လိုက်စရာလောင်းမဟိရေဘ၀ကို ရောက်နိန်ကတ်တေအတွက် အခက်အ
ခဲ တိဟိကြောင်းသိရ ပါသည်။
လက်ဟိဒုက္ခသည် စုစုပေါင်းမှာ(၃၁၈)ဦးဖြစ်ပြီး ပျက်စီးဆုံးရှုံးသူများစာရင်းမှာ (၈၃)
ဦးအိုးမဲ့ အိမ်မဲ့ ဘ၀ အဖြစ်နိန်ကတ်ပါသည်။ ကယ်ဆယ်ရေးစခန်းမှာ နိန်ထိုင်ပြီးကေ
ကျောင်းတက်နိန်ရရေ ကျောင်းသူ/ကျောင်းသားမှာ (၃၆)ယောက်ဟိပနာ မူလတန်း
က (၁၉)ဦး အလယ်တန်းက(၇)ဦး အထက်တန်းက(၆)ဦးနန့် တက္ကသိုလ်တန်းက(၄)
ဦး ဟိနိန်ကြောင်းသိခရပါသည်။ ယင်းလူတိနန့် ကျောင်းသားတိအတွက် အလှူရှင်နန့် 
အစိုးရတိဖက်က ကူညီပံ့ပိုးမှုအားနဲရေအတွက် နောက်အနာဂါတ်တွက် မျှော်လင့်ချက်
မဲ့နိန်ရေ ဘ၀မှာ ဟိနိန်ကြောင်းကို သိခရပါသည်။
ရက္ခအလင်းတန်း(ဗဟို)နန့်  ကျောက်ဖြူမြို့ နယ်ခွဲကလေ့ အတတ်နိုင်ဆုံးကို အချေတိ
ပညာရေးအတွက် အဓိကထားလုပ်ဆောင်နိုင်အောင် ကြိုးစားပီးဖို့အကြောင်းကို ဒုက္ခ
သည်များအတွက် စိတ်အားမငယ်ကတ်ဖို့  အမျိုးသားရေးကြောင့် ဖြစ်လာရေ ကိစ္စ
တစ်ခုကို အားလုံးသူက စိတ်ဓါတ်ခိုင်မာမှု ရယူလိုကြောင်း ရက္ခအလင်းတန်း (ဗဟို)
နာယကကြီးက ပြောကြားခပါသည်။
0 comments:
Post a Comment