နံသာတောင် ပရဟိတကျောင်းအတွက် ထောက်ပံ့ ပစ္စည်း လှူတန်းခြင်း

Monday, February 11, 2013


နံသာတောင်ပရဟိတ စာသင်ကျောင်းအတွက် ရေတင်မော်တာတစ်လုံးနှင့်ကျောင်း
သူ/သား ၃၅-ယောက်အတွက် လိုအပ်သောပစ္စည်းများ လှူတန်းရန်  အလှူရှင်

ဦးလှထွီး(USA)မှ အမေရိကဒေါ်လာ 500$ ကို ရက္ခအလင်းတန်းသို့ လှူတန်းပေးရန်
အကူညီတောင်း လွှဲအပ်လာပါသဖြင့် ဇန်န၀ါရီလ ၂၉-ရက်နေ့တွင် ရက္ခအလင်းတန်း
အဖွဲ့(ဗဟို)မှ ကယ်ဆယ်၊ ထောက်ပံ့ရေး အလှူပစ္စည်းများနှင့် ပူးပေါင်းကာ နာယက
ဒေါ်မာမာကျော်ဇော၊ ဒုဥက္ကဌကိုလင်းတေဇတို့မှ ဦးဆောင်ပြီး နံသာတောင်ပရဟိတ
စာသင်ကျောင်းသို့ သွားရောက်လှူတန်းခဲ့ကြပါသည်။
လှူတန်းခဲ့သော ပစ္စည်းများမှာ ရေတင်မော်တာတစ်လုံး၊ ကျောင်းသား ၃၅-
ယောက်အတွက် လိုအပ်နေသော  ကော်ဇော၊ ဂွမ်းကပ်၊ ဂွမ်းစောင်၊ ခြင်ထောင်၊
မျက်နှာ သုတ်ပုဝါ၊ ရက္ခအလင်းတန်း တံဆိပ်ရိုက်နှိပ်ထားသော တီရှပ်နှင့် ကျောင်းသူ
/သားများ အပါအ၀င် ရွာသူ/သားများအတွက်ပါ အ၀တ်အထည် (၁၁)ထုပ်နှင့်ဆေးဝါး
များ ပါဝင်ပါသည်။
၎င်းလှူတန်းပွဲအခန်းအနားသို့ ကျောင်းသူ/ကျောင်သားများလုပ်အားပေးဆရာ
/မများ၊ ရပ်မိရပ်ဖများနှင့် မောင်တောခရိုင်၊ တောင်ပြိုမြို့နယ်ခွဲမှ ဆက်သွယ်ရေး တာ
ဝန်ခံ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆန်ရေးတာဝန်ခံ၊(အ-ထ-က) ကျောင်းအုပ်ဆရာ
ကြီး၊ (န-တ-လ) ဦးစီးတို့  တက်ရောက် ချီးမြှင့်ခဲ့ကြပါသည်။
ယင်းကဲ့သို့ လာရောက်လှူတန်းသော ရက္ခအလင်းတန်း၏လှူတန်းမှုနှင့်တွေ့ဆုံ
ဆွေးနွေး ဟောပြောမှုများကို နံသာတောင်ဆရာတော်၊ ဆရာ/မ၊ ကျောင်းသူ /သား၊
ရွာသူ/သားများနှင့် တောင်ပြိုမှ ဧည့်သည်အရာရှိများကပါအလွန်ပင် ကျေးဇူးတင်၊ဝမ်း
မြောက်၊ နှစ်ထောင်းအားရဖြစ်မိပါကြောင်း ထုတ်ဖေါ်ပြောကြားကြပြီးနောက် နံသာ
တောင်ဆရာတော်မှ ရက္ခအလင်းတန်းအဖွဲ့အား ကျေးဇူးတင်လွှာ ပေးအပ်ခဲ့ပါသည်။
ထို့နောက် နံသာတောင် ပရဟိတစာသင်ကျောင်းအတွက် ထပ်မံလိုအပ်နေဆဲ
ဖြစ်သော ယိုယွင်းပျက်ဆီးနေပြီးဖြစ်သည့် စာသင်ကျောင်းဆောင် ပြန်လည်ပြုပြင်
ဆောက်လုပ်ရေးနှင့်ကျောင်းအတွက် ရေလှောင်အုတ်ကန်တစ်ခု တည်ဆောက်ရေးတို့
ကိုဆရာတော်မှတင်ပြပြီး ကျောင်းသူ/သားများ၏ အနာဂတ်ပညာရေး၊အမျိုးသားရေး
စိတ်ဓါတ်၊ဒေသလုံခြုံရေးနှင့် ဘင်္ဂလာမှထွက်ပြေးလာသော ရခိုင်ဒုက္ခသည်များ၏စား
ဝတ်နေရေးပြဿနာ ကိစ္စရပ်များကို ရက္ခအလင်းတန်းအဖွဲ့နှင့် အပြန်အလှန် တိုင်ပင်
ဆွေးနွေးကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။
နံသာတောင်ကျေးရွာသည် မောင်တောမှ မိုင်(၄၀)ကျော်အထိ ကုလားရွာပေါင်း
မြောက်များစွာကို ဖြတ်သန်း သွားလာရသော ရွာတစ်ရွာဖြစ်ပြီး၊ ၎င်းခရီးစဉ်အတွင်း၌ မောင်တောကုလားများ၏ ဆူပူအကြမ်းဖက်မှုများမှာလည်း အလွန်မငြိမ်မသက်သော
အခြေအနေတွင် ကျရောက်နေသောကြောင့် စိုးရိမ်တစ်ဝက်ဖြင့် လုံခြုံရေးများ ခေါ်ယူ
ကာ သွားရောက်ခဲ့ရသော ခရီးစဉ်တစ်ခုဖြစ်ခဲ့ရပြီး  အလွန်ပီတိဖြစ်စရာလည်းကောင်း
ခဲ့သည်ဟု ရက္ခအလင်းတန်း ဒု-ဥက္ကှဌ ကိုလင်းတေဇမှ ပြောကြားပါသည်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

စာမူများဖိတ်ခေါ်ခြင်း

လေးစားအပ်ပါသော ရခိုင်သူ ၊ ရခိုင်သား အပေါင်းရို့... သင့်ရင်ထဲက ဆန္ဒမှန်နန့် သင်၏ခံစားချက်၊ သင့်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နိန်သော အကြောင်းအရာများနန့် သင်ကိုယ်တိုင် ရွီးစပ်ထားသော ကဗျာ ၊ ဆောင်းပါး၊ စာတန်း၊ သတင်းအချက်အလက်၊ ဓါတ်ပုံမှတ်တမ်းများကို
အခြားရခိုင်သူ ရခိုင်သားများ သိဟိခံစားနိုင်စီရန်အတွက် မျှဝီ လက်ကမ်း
ရီးသား ပီးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည် ။

ရက္ခအလင်းတန်း(ဗဟို)

နိုင်ငံတကာ သတင်းဌာနများ

ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘောထားများ

ရခိုင့်အရေး နိုင်ငံရေးပါတီများ၏ သဘေထားများ

  © Blogger template The Professional Template II by Ourblogtemplates.com 2009

Back to TOP