မောင်တောမြို့နယ်ရှိ ရခိုင်ရွာများသို့သွားရောက် လေ့လာခြင်း
Monday, February 11, 2013
ရက္ခအလင်းတန်း(ဗဟို)မှ ရခိုင်ပြည်နယ်အတွင်းရှိ ရက္ခအလင်းတန်းဌာနခွဲများသို့
ကွင်းဆင်းတွေ့ဆုံခြင်းကို ဇန်န၀ါရီလအတွင်း ပြုလုပ်ခဲ့ပြီး၊ ၎င်းခရီးစဉ်အတွင်း
မောင်တောမြို့နယ်ရှိ ရခိုင်ရွာများသို့လည်း သွားရောက်လေ့လာခဲ့ကြပါသည်။
ဇန်န၀ါရီလ(၂၉)ရက်နေ့က မောင်တောမြို့နယ် နံသာတောင်ပရဟိတစာသင်
ကျောင်းသို့ ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူတန်းသောခရီးစဉ်တွင်လောင်းဒုံ
(နတလ)ကျေးရွာ၌ ခရီးတထောက်နားရပ်တန့်ပြီး ရွာသူ/သားများနှင့် တွေ့ဆုံဖြစ်ခဲ့ပါ
သည်။ လောင်းဒုံကျေးရွာသည် ရခိုင်လူမျိုးအပါအ၀င် တိုင်းရင်းသားပေါင်းစုံ စုပေါင်း
ထားသောရွာဖြစ်ပြီး ယခုအချိန်တွင်ကုလား၊ရခိုင် ပြဿနာကြောင့်ဘင်္ဂလားဒေ့ခ်ျနိုင်ငံ
မှာ နိုင်ငံသားအဖြစ်ခံယူကာ နေထိုင်လျှက်ရှိသော ရခိုင်မိသားစုများကို ကုလားများမှ
ရန်ရှာပြီး ဘာသာရေး၊ လူမှုရေး၊ စီးပွါးရေးလုပ်ငန်းများကို အနှောင့်အယှက်ပေးမှုများ များပြားလာသောကြောင့် ဆက်လက် မနေထိုင်ဝံ့ပဲ မိသားစုအလိုက်မောင်တောကမ်း
သို့ထွက်ပြေးလာကြသည်ကို လောင်းဒုံ(နတလ)ကျေးရွာ၌ အစိုးရကအခြေချပေးထား
ကြောင်းသိရပါသည်။
လောင်းဒုံ(နတလ)ရွာကို တည်ထောင်ထားခဲ့သည်မှာ ၇-နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်
ကြောင်းနှင့် ဘင်္ဂလာမှရောက်ရှိလာသော ရခိုင်ဒုက္ခသည်များကို နဂိုနေထိုင်သော ရွာ
သားများ အကြောင်းအမျိုးမျိုးကြောင့် ရွာကိုစွန့်ခွာသွား၍ ကျန်နေခဲ့သည့်အိမ်အလွတ်
များ၌ နေရာချထားပေးကြောင်း၊ ထွက်ပြေးလာသူများသည် ဇန်န၀ါရီလ (၁၆)ရက်နေ့
က (၅)အိမ်ထောင်စု၊ ဇန်န၀ါရီလ(၂၆)ရက်နေ့က (၇)အိမ်ထောင်စု၊စုစုပေါင်း(၁၂)အိမ်
ထောင်စု၊ ကျား+မ (၄၀)ဦးဖြစ်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ သံပရာ၊ ဒယိုင်၊ ခါလီ၊ဟေမန်ရွာ
တို့တွင်နေထိုင်သူများဖြစ်ကြောင်းနတလမှတာဝန်ရှိသူတစ်ဦးက ရက္ခအလင်းတန်းကို
ပြောကြားပါသည်။
လောင်းဒုံ(နတလ)ကို နေရာချထားသည့်အချိန်က မိသားစုတစ်စုကို လယ်တစ်
ကွက်၊လယ်ထွန်စက်နှင့် ဆိုက္ကားတစ်စီးခန့်မတည်ပေးခဲ့ကြောင်းသိရပါသည်။သို့သော်
ရွာသားအများစုမှာ စားဝတ်နေရေး အဆင်မပြေ၊ မလုပ်မကိုင်တတ်သောကြောင့် ထွန်
စက်နှင့် ဆိုက္ကားကိုရောင်းစားကြ၍ လယ်တစ်ကွက်သာကျန်ရှိလိုက်ပြီး ၎င်းလယ်ကွင်း
များမှာလည်း ကုလားများနေထိုင်သော နေရာနှင့် ကုလားလယ်ကွင်း များအကြားတွင် တည်ရှိပါသောကြောင့်မိမိကိုယ်တိုင်လုပ်ကိုင်စိုက်ပျိုးရေးမှာ လုံခြုံရေအရအဆင်မပြေ၊ ရောင်းချင်သော်လည်း ၀ယ်မည့်သူမရှိဖြစ်နေရာ ကုလားများကိုပင်ငှားထားရကြောင်း
သိရပြီး ယခုလက်ရှိ အနေထားအရဆိုလျှင် လယ်ကွက်များမှာ ကုလားလက်ထဲတွင်
သာရှိ၍ ကုလားများပေးမှရမည့် ကုလားပြုသမျှ နုရမည့်အခြေအနေမျိုးမှာ ရောက်ရှိ
နေပါသည်။
ဤသို့သော အခြေနေမျိုးတွင် ဘင်္ဂလာမှ ရခိုင်များကလည်း နေ့စဉ်လိုလို ရခိုင်
ပြည်သို့ ပြန်လာနေကြပြီး ၎င်းတို့၏ စားဝတ်နေရေး၊ ကျမ်းမာရေး၊ ပညာရေးနှင့် လုံခြုံ
ရေးအပြင် အခြားလိုအပ်ချက်ပေါင်းမြောက်များစွာဖြင့် အတိဒုက္ခကြုံတွေ့နေရကြောင်း
ကို နံသာတောင်ဆရာတော်မှ ရက္ခအလင်းတန်းအဖွဲ့အားအသိပေး အကူအညီတောင်း
ခံလိုက်ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment